Western News

(ဓါတ်ပုံသတင်း)

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများ ထောက်ခံဆန္ဒဖော်ပွဲကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

လာမည့်နှစ်များတွင်လည်း ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် အဓိက တောင်းဆိုခဲ့ကြသည်။

ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya Hachiko Exit အနီးမှာ ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ခဲ့သူတစ်ဦးက ” ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပနေပြီ။ အဲညီလာခံကနေတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးတော့ အတည်ပြုခန့်အပ်ပေးဖို့ မြန်မာပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပြီး ထောက်ခံဆန္ဒဖော်ထုတ်တဲ့ပွဲပါ။ စစ်ကောင်စီက ဦးကျော်မိုးထွန်းနေရာမှာ အစားထိုးခန့်အပ်ဖို့ ကြိုးစားနေတယ်ပေါ့နော်။ ကုလသမဂ္ဂဆိုတာ သံတမန်တွေအတွက် နိုင်ငံတကာစာမျက်နှာမှာ မြန်မာပြည်သူတွေရဲ့ အသံကို ထုတ်ဖော်ဖို့ အရေးကြီးတဲ့နေရာပါ။ ဒီလိုနေရာမျိုးမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်သာ ရသွားမယ်ဆိုရင် မြန်မာပြည်သူတွေ ခံစားနေရတာတွေ၊ ပြည်တွင်းစစ် ပဋိပက္ခတွေက ပိုပြီးတော့ အမြစ်တွယ်သွားလိမ့်မယ်။ ဒါကြောင့် ဒီလိုမျိုးမဖြစ်အောင် ကျနော်တို့က ပြည်သူတွေကိုယ်စား ကျနော်တို့က ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုရေး၊ ဦးကျော်မိုးထွန်းကို မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ထောက်ခံတယ်။ စစ်ကောင်စီရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကိုယ်စားလှယ်တွေကို ငြင်းပယ်ပေးပါလို့ ပြောချင်ပါတယ်။ ” ဟု ပြောသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ (၇၉)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပပြုလုပ်နေသည်။

About Author
Western News MM

Western News is a Myanmar-based news outlet that monitors and investigates injustices and human rights

View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version