Western News

(ဓါတ်ပုံသတင်း)
ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စစ်ရှောင်အရပ်သားများလည်း နေ့စဉ်တိုးလာနေကာ အရေးပေါ် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
နိုင်ငံတကာအကူအညီများနှင့် အရပ်ဘက်အသင်းအဖွဲ့အစည်းများ၏ အကူအညီများမှာလည်း ဝင်ရောက်ကူညီမှု နည်းပါးနေပြီး မိုးတွင်းရာသီဖြစ်၍ အဓိက စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြသည်။
သံတွဲမြို့ပေါ်က အရပ်သားပြည်သူများ အားလုံးနီးပါးမှာ ကျေးလက်ဒေသများနှင့် AA ထိန်းချုပ်ရာနေရာဒေသများသို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်းနှင့် သံတွဲမြို့နယ်တွင် စစ်ရှောင်အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။
ပုံစာ – သံတွဲမြို့နယ်က ပြည်သူလူထုများမှာ ဘေးကင်းရာဟု ထင်ရသည့် နေရာများ၌ စစ်ရှောင်နေကြစဉ်။

(ဓါတ်ပုံ – ဝေဟင်အောင်)
မှတ်ချက် – ဝေဟင်အောင်သည် စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော ပရဟိတ လူငယ်တစ်ဦးဖြစ်သည်။ အကူအညီများ ပေးအပ်လိုသူများအနေဖြင့် ဝေဟင်အောင်မှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း ၎င်းကိုယ်တိုင် နှိုးဆော်ထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version