Western News

(သံတွဲ သူဌေးချောင်း ဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွင်နေပြီဟုဆို)

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရခိုင်ပြည် သံတွဲမြို့၊ “သူဌေးချောင်း ဆည်” သည် စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဟု အာရက္ခတပ်တော် AA က အရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။

ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေးကြရန် AA က ဆိုသည်။

ယခုရက်များအတွင်း ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသော မိုးများကြောင့် မိုးရေချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာကြသည်။

လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ကြောင်းနှင့် ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု AA က ပြောသည်။

ဒေသခံပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း AA က အလေးအနက် တိုက်တွန်းနေသည်။

ရခိုင်ပြည် တောင်ပိုင်းဒေသတွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံနေသလို အမ်းမြို့နယ်တွင်လည်း ရေကြီးနေကြောင်း စုံစမ်းသိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version