Western News

အာဏာသိမ်း စစ်ကောင်စီက လာမည့် ဩဂုတ်လ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အရေးပေါ်ကာလ နောက်ထပ် ၆ လကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် တိုးမြှင့် သတ်မှတ်လိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)တွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဦးမြှင့်ဆွေနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေရာဝင်ယူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးက ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာက ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က တက်ရောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ကာ/လုံအစည်းအဝေးကို မင်းအောင်လှိုင်က စစ်ဝတ်စုံဖြင့် တက်ရောက်ပြီး သူ၏ ရာထူးကို ယာယီသမ္မတ(တာဝန်)နှင့် ကာကွယ်ရေး ဦးစီးချုပ်ဟု စာတန်းထိုး၍ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version