Western News

(သတင်းတို)

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေကြောင်း ကုလအဖွဲ့ UNOCHA က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။

မြန်မာပြည်သူများ ရေဘေးကြောင့် နေအိမ်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အသက်သေဆုံးမှုများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု နော်ဝေးနိုင်ငံက ဆိုသည်။

မြန်မာ့ရေးဘေးမှာ ဒုက္ခရောက်သူ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၅ သိန်း ထောက်ပံ့ကူညီသွားမည်ဟု နော်ဝေးနိုင်ငံက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန် အသိပေးထားသည်။

ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက်ရှိကြောင်း နော်ဝေးနိုင်ငံက ဆိုသည်။

နော်ဝေးနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေ ယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ကနဦးအနေဖြင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်ပြီး နော်ဝေးကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက်ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း သိရသည်။

နော်ဝေးနိုင်ငံသည် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်ပြီး အကူအညီများ အမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version