Western News


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA က သိမ်းပိုက်ရရှိထားသော ခမရ ၁၁၅ စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၆ ရက်နေ့တို့တွင် နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 ၃ လက်၊ M22 ၁ လက်၊ G3 ၁၀ လက်၊ ရိုင်ဖယ်သေ နတ် ၁၀၃ လက်၊ ကာ ဘိုင်သေနတ် ၁၅၉ လက် စသည့်ချေမှုန်းရေးလက်နက် စုစုပေါင်း ၃၄၉ လက်၊စက် လက်အသေး ၁၁ လက်၊ MA-15 (ငါးကြင်းမီး) ၁ လက်၊ 0.5 ၁ လက်၊ M79 ၁ လက် ၊ ၈၁ မမ ၁ လက်၊ ၈၁ မမ (နောက်ပွင့်) ၂ လက်၊ RPG-7 ၄ လက်၊ ၆၀ မမ ၂ လက်၊ ပြောင်းသေး ၆၀ မမ ၁၀ လက် တို့ကို သိမ်ဆည်းရရှိကြောင်း၊ လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော် RPG ၊ ၆၀/၈၀ မမ ကျည်အမျိုးမျိုး၊ ၅၀၀ ကျော် ၊ ဗုံးသီး၊ မိုင်းနှင့် စကား ပြောစက်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ နောင်ချိုမြို ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက် နက်မျိုးစုံ ၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိထားသည့်အပြင် လက် နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ ကျော်ပါ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version