Western News

ရှမ်းမြောက် လားရှိုးတိုက်ပွဲ တစ်လကျော် ကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၃၃ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း TNLA ယမန်နေ့ ဇူလိုင် ၃၁ တွင် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၁၅ လုံး ပျက်စီးသွားသည်။

တစ်လကျော် ၃၆ ရက်အတွင်းမှာ အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ စသည်ည ၁၀၅ လုံး ပျက်စီးသွားပြီဟု TNLA က ပြောသည်။

လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရေးပါသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပြီး လားရှိုးမြို့ လွတ်မြောက်သွားပြီဟု ကိုးကန့်က ထုတ်ပြန်ထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version