Western News

တောင်ကိုရီးယား၏ ဒုံးကျည်ကာကွယ်ရေးစွမ်းရည်ကို ဆိုးရွားစွာ ခြိမ်းခြောက်နိုင်သည့် တီထွင်မှုတစ်ခုဖြစ်သည့် ရှေ့တန်းစစ်ဘက်တွင် ပဲ့ထိန်းဒုံးကျည် အစင်းရေ ၂၅၀ ဖြန့်ကြက်ချထားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားထားသည်။

တောင်ကိုရီးယားနယ်စပ်သို့ ပို့မည့် ဒုံးကျည်များရွှေ့ပြောင်းရေးအခမ်းအနားကို မြောက်ကိုရီးယား မြို့တော် ပြုံယမ်း၌ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့က ပြုလုပ်စဉ် ကင်ဂျုံအန်းက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ Korean Central News Agency က ဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် ခေတ်မီဆန်းသစ်သော စစ်နည်းဗျူဟာမြောက် တိုက်ခိုက်ရေးလက်နက်ဖြစ်ပြီး အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုကို အဟန့်အတားဖြစ်စေသည့် လက်နက်အသစ်များဟု ကင်ဂျုံအန်းက ချီးကျူးပြောဆိုခဲ့သည်။

” အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များထံမှ နျူကလီးယား ခြိမ်းခြောက်မှုများကို တန်ပြန်ရန် အကောင်းဆုံး ဗျူဟာဖြစ်ကြောင်း ” ကင်ဂျုံအန်းက ၎င်း၏ ယုံကြည်ချက်ကို ထပ်လောင်း အတည်ပြုပြောကြာားခဲ့သည်။

သီအိုရီအရ ယခုလက်နက်စနစ်သစ်ကို အင်အားအပြည့်နှင့် အသုံးပြုမည်ဆိုပါက တာတိုပစ်ဒုံးကျည် ၁,၀၀၀ အထိ တပြိုင်နက်တည်း ပစ်လွှတ်နိုင်လိမ့်မည်ဟု ကိုရီးယား နှစ်နိုင်ငံနယ်စပ်က ကျွမ်းကျင်သူများက ပြောဆိုကြသည်။

မြောက်ကိုရီးယား သည် ၎င်းတို့၏ နယ်စပ်တပ်ဖွဲ့ဝင်များထံသို့ စစ်လက်နက်များပို့ဆောင်သည့် အရေအတွက်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ရန်သူအဖြစ် သတ်မှတ်ပြီး မဆင်မခြင် ရန်စလာပါက ရှင်းရှင်းလင်းလင်း တုန့်ပြန်နိုင်ရန် လက်တွေ့ကျသည့် နည်းဗျူဟာများဖြင့် လက်နက် စွမ်းရည်များ မြှင်တင်ထားပြီဟု ကင်ဂျုံအန်းက ပြောဆိုထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version