Western News

ရှမ်းမြောက် လားရှိုးမြို့ထဲက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ၏ အမှတ် ၉ ကုတင် ၁၀၀ စစ်ဆေးရုံကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက်ရှင်လွတ်မြောက်လာသူများနှင့် စစ်ဆရာဝန်များက ပြောဆိုထားကြသည်။

အာဏာသိမ်း စစ်ကောင်စီက လားရှိုး ရမခ စစ်ဆေးရုံကို ကိုးကန့်တပ် MNDAA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာ စစ်သည်များနှင့် တပ်မိသားစုဝင်များ ထိခိုက်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲချက်အား စစ်ဆရာဝန်များနှင့် လားရှိုးဒုခရိုင်ရဲမှူး လှမျိုးတို့က ဖော်ထုတ်ထားခြင်းဖြစ်သည်။

လားရှိုး စစ်ဆေးရုံကို MNDAA က ပစ်ခတ်တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်ကောင်စီ၏ ဗုံးကြောင့် ဒုက္ခရောက်နေကြသော ဒဏ်ရာရ စစ်သည်များနှင့် တပ်မိသားစုဝင်များကို MNDAA ကယ်ထုတ်ပေးခြင်းနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version