Western News

(ဓါတ်ပုံသတင်း)

ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လမ်းခရီးစရိတ် ငွေကျပ် ၅ သောင်းပေး၍ ကိုးကန့်တပ် MNDAA က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်သုံ့ပန်းအချို့နှင့် တပ်မိသားစုဝင် ၃၈၀ ကျော် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သောင်းစီ ပေးအပ်ပြီး ဩဂုတ်လ ၆ ရက်နေ့က နေရပ်ပြန် ဘေးကင်းစေရန် ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လားရှိုးက စစ်ဆေးရုံကို MNDAA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသော်လည်း စစ်ဆေးရုံဆရာဝန်များက MNDAA က ပစ်ခတ်ခြင်းမဟုတ်ကြောင်းနှင့် စစ်ကောင်စီ လေကြောင်းကသာ ပစ်ခတ်ခြင်းဖြစ်ပြီး MNDAA က စစ်ဆေးရုံရှိ လူနာများနှင့် စစ်ရှောင် တပ်မိသားစုဝင်များကို လာရောက်ကယ်ထုတ်ပေးခဲ့ကြောင်း ပြောဆိုထားကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version