Western News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များဖြစ်သည့် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တပ်များကို တိုက်ခိုက်သိမ်းပိုက်ရေး တိုက်ပွဲတွင် TNLA က စစ်ကောင်စီတပ်၏ သံချပ်ကာများကို အသုံးပြုနေပြီး လက်နက်နှင့်အလောင်းများ သိမ်းဆည်းရရှိသည့် မှတ်တမ်းများကို ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သည်။

တောင်ခမ်းတွင် အမြောက်တပ်ရင်း ၄ ခုရှိသည့်အနက်မှ အမြောက်တပ် ၄၀၆ နှင့် အမြောက်တပ် ၂၀၆ တို့ကို သြဂုတ်လ ၂၈ ရက်နေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသော အမြောက်တပ် ၃၅၄ နှင့် အမြောက်တပ် ၉၀၂ တပ်တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ခိုက်နေကြောင်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တောင်ခမ်းတိုက်ပွဲရုပ်သံမှတ်တမ်းမှာ စက်တင်ဘာ ပထမပတ်အတွင်း စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီးတားမဝေါနှင့် တပ်မဟာမှူး ၆ ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်၍ ကျောက်မဲ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စု ရှိ စစ်​ကောင်စီ၏ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တွင် ဖြစ်ပွားနေသော တိုက်ပွဲမှတ်တမ်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုတောင်ခမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းတွင် သေဆုံးနေသော စစ်ကောင်စီတပ်များ၏ အလောင်းများနှင့် သိမ်းဆည်းရရှိသော လက်နက်များကို ထုတ်ပြန်ထားပြီး တော်လှန်ရေးတပ်များဘက်မှလည်း အထိအခိုက် အကျအဆုံးများရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version