Western News

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ခေတ္တထိန်းသိမ်းထားသည့် လေးမိုင် နခခ-၂ တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီက စက်တင်ဘာလ ၉ ရက် ည ၉ နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ AA ၏ အကျဉ်းစခန်း နခခ-၂ တပ်စခန်းမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးများနှင့် အကျဉ်းသားများအား ထိန်းသိမ်းထားသည့် စခန်းဖြစ်သည်။

စစ်ကောင်စီ ဗုံးကြောင့် နေရာ၌ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးသွားပြီး အများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြပြီး ဒဏ်ရာရသူများအားလုံးကို အာရက္ခတပ်တော် AA က ဆေးကုသပေးနေကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်လျှက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင်များက အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေကြောင်း သိရသည်။

About Author
Western News MM

Western News is a Myanmar-based news outlet that monitors and investigates injustices and human rights

View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version