Western News

အာဏာသိမ်း စစ်ကောင်စီက အိမ်သုံးနှင့် လုပ်ငန်းသုံးလျှပ်စစ်မီတာခများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ၂ ဆမှ ၃ ဆနီးပါးအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၃၀ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်များ နှစ်အလိုက် မြင့်မားလာသဖြင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီက တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခများမှာ အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ် တိုးမြှင့်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခမှာ ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ ယူနစ်မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

ယခင်က ကောက်ခံခဲ့သော မီတာခ နှုန်းထားများမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူစနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယခင် ကောက်ခံခဲ့သော လုပ်ငန်းမီတာခများမှာ ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ ၁၀၀၀၀၁ ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့်သာ အများဆုံးကောက်ခံခဲ့ဖြစ်သည်။

ထို့ကြောင့် အိမ်သုံးမီတာခများသည် ၂ ဆနီးပါး စျေးတက်သွားပြီး လုပ်ငန်းသုံး မီတာခများမှာမူ ၃ ဆနီးပါး စျေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version