Western News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော လားရှိုး ဒုတိယခရိုင်ရဲမှူး လှမျိုးကို MNDAA က ဆေးကုသပေးခဲ့သဖြင့် ပြန်လည် ကျန်းမာလာကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

မဟာမိတ်တပ်သည် လားရှိုးမြို့တွင် အာဏာသိမ်းတပ်မှ လက်နက်ချ အလင်းဝင်သည့် စစ်သုံ့ပန်းများကို အစွမ်းကုန် ကုသမှုပေးနေ၍ ယင်းထဲတွင် လားရှိုးမြို့ ဒုတိယခရိုင်ရဲမှူး ဦးလှမျိုးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

လားရှိုးလွတ်မြောက်ရေး စစ်ဆင်ရေးအစတွင် လားရှိုးမြို့တွင်း စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေး ကင်းလှည့်မှုများကို ရဲမှူး လှမျိုးက တာဝန်ယူခဲ့ပြီး ဇူလိုင် ၂၀ ရက်အထိ စစ်ပွဲပြင်းထန်နေ၍ လားရှိုးမြို့မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။

ပြင်းထန်သော တိုက်ပွဲကြောင့် ထွက်ပြေးချိန် လားရှိုးမြို့၊ ရပ်ကွက် ၁ ကျောင်းဘေးတွင် အမြောက်ကျည်စထိမှန်ပြီး ဒဏ်ရာရရှိကာ ဆေးရုံသို့ သွားရောက်ကုသမှုကို ခံယူခဲ့ကြောင်း သိရသည်။

လားရှိုးအရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ်က တိုက်ခိုက်ပြီးနောက် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်က ဒဏ်ရာရ ရဲဘော်များနှင်စစ်သည်များကို စွန့်ပစ်ခဲ့သည်။

မဟာမိတ်တပ်က တပ်မတော်ဆေးရုံကို သိမ်းပိုက်ပြီးနောက် အောက်ခြေ အရာရှိ၊ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကာ အနောက်တန်းဆေးရုံသို့ ကုသရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ကာလအတန်ကြာ ဆေကုသမှုခံယူပြီးနောက် ရဲမှူး လှမျိုး၏ ကျန်းမာရေးအခြေအနေသည် တဖြည်းဖြည်း ကောင်းမွန်လာကြောင်း၊ ကုသမှုကာလအတွင်း မဟာမိတ်တပ်များက မင်းအောင်လှိုင်၏ အရာရှိများနှင့် စစ်သည်များကို တန်းတူညီမျှဆက်ဆံပြီး လူသားချင်းစာနာမှုအကူအညီများ အစွမ်းကုန်ပံ့ပိုး စောင့်ရှောက်ထားကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version