Western News

(သတင်းတို)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်က ရောက်ရှိနေပြီး မြို့တွင်းလုံခြုံရေးများ အဆမတန် ချထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မင်းအောင်လှိုင် ရောက်နေ၍ တောင်ငူမြို့တွင်းမြို့ပြင် Jammer များ ပတ်ပတ်လည်ချထားပြီး စစ်အင်အားကိုလည်း ရာနှင့်ချီတိုးချထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

” မင်းအောင်လှိုင်က မနက် ၁၁ နာရီလောက်က တောင်ငူရောက်တယ်။ ဩဂုတ်လ ၂၀ ရက်နေ့က တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဩဂုတ်လ ၂၂ ရက်နေ့မှာ စည်ပင်ရုံး၊ လျှပ်စစ်ရုံးနဲ့ ယာဉ်ထိန်းအိမ်ရာမှာ မိုင်းကွဲတယ်။ အဲဒါကြောင့် မအလလာတဲ့အချိန်မှာ တစ်မြို့လုံး လုံခြုံရေးတွေ တင်းကျပ်ထားတာ” ဟု ဆိုသည်။

မင်းအောင်လှိုင်၏ တောင်ငူခရီးစဉ်သည် အနီးကပ်ပြင်ဆင်သွားသော ခရီးစဉ်ဖြစ်ပြီး ၁ ရက်မျှသာ ကြိုတင်အသိပေးခဲ့ကြောင်း ဌာနဆိုင်ရာဝန်ထမ်းသတင်းရင်းမြစ်များက ပြောကြားကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version