Western News

ထိုင်းပြည်သူများထဲမှ ဆင်းရဲချို့တဲ့သော လူ ၁၄.၅ သန်းကို ရွေးကောက်ပွဲကတိအတိုင်း ဘတ် ၁၀,၀၀၀ (တစ်သောင်း) စီ ထောက်ပံ့ပေးသွားမည်ဟု ဩဂုတ်လ ၂၂ ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှက်နာဝပ် က အတည်ပြုပြောကြားခဲ့သည်။

ယမန်နေ့ ညနေက Nation Group မှ စီစဉ်သော “Vision for Thailand” ဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် သက်ဆင်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

၂၀၂၃ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဖီယူထိုင်းပါတီက မဲဆန္ဒရှင်များကို ပေးထားခဲ့သည့် ကတိအတိုင်း ဆောင်ရွက်သည့်အနေဖြင့် ဆင်းရဲချို့တဲ့မှုစာရင်းဝင် ပြည်သူ ၁၃.၅ သန်းနှင့် မသန်စွမ်းပြည်သူ ၁ သန်းတို့ကို ဘတ်ငွေ ၁၀,၀၀၀ (တစ်သောင်း) စီ ထောက်ပံ့ပေးမည်ဖြစ်သည်။

ထို ထောက်ပံ့မှုကို စက်တင်ဘာလတွင် စတင်ဆောင်ရွက်ကာ အွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ် (digital wallet scheme) ဖြင့် ပေးအပ်သွားမည်ဟု သက်ဆင်က ဆိုသည်။

“ကျွန်ုပ်တို့နိုင်ငံဟာ အချိန်အတော်ကြာအောင် နှေးကွေးစွာ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် စီးပွားရေးကို လှုံ့ဆော်ဖို့ လိုအပ်ပါတယ်” ဟု သက်ဆင်က ဖိုရမ်တွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Srettha Thavsin ကို ဝန်ကြီးချုပ်အဖြစ်မှ ထုတ်ပယ်ပြီးနောက် ထိုင်းလူမျိုးသန်း ၅၀ ဝန်းကျင်ထံ ဒစ်ဂျစ်တယ်မှတစ်ဆင့် ဘတ်ငွေ ၁၀,၀၀၀ ဖြန့်ဝေရန် ရည်ရွယ်ထားသည်။

“စက်တင်ဘာမှာ ချက်ချင်းစီးပွားရေး အားကောင်းလာလိမ့်မယ်” ဟု သက်ဆင်က ပြောသည်။

ယမန်နေ့ ဖိုရမ်တွင် သက်ဆင်၏ မှတ်ချက်စကားများသည် ၎င်း၏သမီးဖြစ်သူ ၀န်ကြီးချုပ် Paetongtarn ၏ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း စီးပွားရေးကျွမ်းကျင်သူများနှင့် ထိုင်းဘဏ် (BoT) တို့က ဝေဖန်မှုနေကြသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ဧပြီလမှ ဇွန်လ သုံးလပတ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစိုးရအပြောင်းအလဲပြီးနောက် မူဝါဒမရေရာမှုများကြားတွင် မျှော်မှန်းချက်များကို ကျော်တက်ခဲ့သည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version