Western News

ရှမ်းမြောက် တအောင်းဒေသ နမ့်ခမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၁၁ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီခွဲကျော်အချိန်က နမ့်ခမ်းမြို့ကို လူအများအပြားသေစေနိုင်သည့် ဖျက်အားပြင်းလက်နက် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ဗုံးနှစ်လုံးမှာ နမ့်ခမ်းမြို့ ညဈေးအနီးက ပြည်သူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဗုံးများကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး၊ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ရသည်။

ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန်တုံမြို့နှင့် သီပေါမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တအောင်းတပ် TNLA အုပ်ချုပ်နေသော ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့ကို အာဏာသိမ်းစစ်ကောင်စီက နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားများအား ပစ်မှတ်ထားဦးတည်နေကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version