Western News

စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီတပ်က လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော သိန္နီခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာ လူနေအိမ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ သုံးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ” MNDAA က ဖော်ပြသည်။

ထို့ပြင် စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ လေကြောင်းမှတစ်ဆင့် ထပ်ခါ ထပ်ခါ လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့ကြောင်း၊ စစ်ကောင်စီက ယမန်နေ့ တစ်နေ့လုံး လေကြောင်းမှ ဗုံး ၁၃ လုံး ကြဲချခဲ့ကြောင်း TNLA က ဖက်ကလည်း ထုတ်ပြန်သည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ကရင် ပြည် နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော် မြို့သစ်နှင့် ထီးမယ်ဝါးခီကျေးရွာကို စစ်ကောင်တပ်က လေယာဉ်များဖြင့် တိုက်မှု ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version