Western News

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖြစ်သင့်သည်ထက် ၅၀ ရာခိုင်နှုန်း အောက်ထိုးကျသွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာလည်း ၈၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တာနယ်က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၂၁ ရက်နေ့ ပြုလုပ်ခဲ့သည့် “မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ ” စကား၀ိုင်းအစီအစဉ်တွင် ဒေါက်တာရှောင်တာနယ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်အာဏာရှင် မင်းအောင်လှိုင် လက်အောက်မှာ စီးပွားရေးက ဖြစ်သင့်တာထက် ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားပြီးတော့ မြန်မာကျပ်ငွေတန်ဖိုးကတော့ ၈၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိကျဆင်းသွားပါတယ်။ စစ်ကောင်စီအနေနဲ့ မြန်မာ့စီးပွားရေးကို စစ်ပွဲ စီးပွားရေး အဖြစ် လျော့ကျစေခဲ့ပါတယ်” ဟု ဒေါက်တာရှောင်တာနယ်က ပြောသည်။

ထို့ပြင် စီးပွားရေးအကြံပေး ဒေါက်တာရှောင်တာနယ်က စစ်ကောင်စီထံသို့ လေယာဉ်ဆီများ တင်ပို့မှုကို ပိတ်ပင်ရန် နိုင်ငံတကာကို တိုက်တွန်းလိုက်ပြီး လက်ရှိတွင် အမေရိကန်၏ ပိတ်ဆို့မှုများသည် ထိရောက်မှုရှိ​ကြောင်း သုံးသပ်သည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စစ်ကောင်စီကို စီးပွားရေးအရရော သံတမန်ရေးအရရော အသိအမှတ်မပြုဖို့ လိုပါတယ်။ စစ်ကောင်စီက ရေရှည်တည်တံ့မှာ မဟုတ်ပါဘူး။ ဘဏ္ဍာရေးအရ ပိတ်ဆို့မှုတွေက ထိရောက်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုက အရမ်းကို ထိရောက်ပါတယ်။ ဒါပေမယ့်လည်း ယိုပေါက်တွေကိုလည်း ထပ်ပိတ်ဖို့လိုပါတယ်။ လေယာဉ်ဆီတင်သွင်းမှုတွေအပေါ် ပိတ်ဆို့လည်း လိုအပ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဒါကို လုပ်ဖို့လိုပါတယ်” ဟု ရှင်းပြသည်။

ထို့ပြင် နိုင်ငံတကာ၏ ကူညီမှုမပါဘဲ မြန်မာ့နွေဦးတော်လှန်ရေးသည် စဉ်ဆက်မပြတ် ဆက်လက် ရွေ့လျားနေပြီး လူငယ်မျိုးဆက်သစ်များက ထူးချွန်ပြောင်မြောက် တော်လှန်ရေးတွင် ပါဝင်နေကြကြောင်း၊ လူငယ်များက တိုင်းပြည်တည်ဆောက်ရေးအတွက် တော်လှန်ချိန်တွင် အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းပြည်၏ စီးပွားရေးကို ဖျက်ဆီးနေကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version